Saturday, 21 March 2015

ဟူးဟူးထ အောင်မြန်မယ့် Mozilla Firefox



ဟူးဟူးထ အောင်မြန်မယ့် Mozilla Firefox

ဒီနည်းကို ကျွန်တော်ကိုယ်တိုင်တွေးတောကြံဆ ထားတာ မဟုတ်ပါဘူး .. Online ပေါ်မှာလိုက်မွှေရင်း ရှာတွေ့ခဲ့တာပါ .. ဒီနည်းကို တွေ့တဲ့အချိန်တုန်းက ကျွန်တော်ကိုယ်တိုင်နားလည်နိုင်ရုံ အနှစ်ချုပ်ကိုပဲ မှတ်သားထားခဲ့မိတာကြောင့် မူရင်း ပို့စ်ပိုင်ရှင်ကို By Name နဲ့ Credit မပေးနိုင်တော့တာကို အားနာမိပါတယ် .. ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် လက်တွေ့လုပ်ကြည့်တဲ့အခါ တစ်ကယ်ပဲ ထိရောက်မှုမြင့်မားတဲ့ နည်းပညာတစ်ရပ်ဖြစ်နေတာကြောင့် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင်ရယ် .. ကျွန်တော်ကိုယ်တိုင် ပြန်ဖတ်ချင်တဲ့အချိန် အလွယ်တကူပြန်ရှာနိုင်အောင် ရည်ရွယ်ပြီး ဒီနည်းပညာလေးကို ကျွန်တော့ ဘလော့မှာ တင်လိုက်တာပါ ..

ကဲ .. လေရှည်နေရင် ဖတ်ရတာ ပြင်းသွားလိမ့်မယ် စလိုက်ကြစို .. Mozilla Firefox ကို ပြင်ဆင်မှုတွေလုပ်ပေးရပါမယ် .. ဒါပေမယ့် .. ဒီနည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေက ပညာရှင်အဆင့် ပြင်ဆင်မှုတွေဖြစ်တဲ့အတွက် အဆင့်အားလုံးကို သေသေချာချာ ဂရုတစိုက်လုပ်ဖို့တော့ အရေးကြီးပါတယ် .. မှားသွားခဲ့ရင်တော့ Mozilla ကို Uninstall လုပ်ပစ်ဖို့ပဲ ရှိတော့တာပေါ့ ..

ပြင်ဆင်မှုအားလုံးကို စနစ်တကျ အောင်မြင်သွားပြီဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Mozilla Firefox ဟာ ဟူးဟူးထ အောင် မြန်ဆန်သွက်လက်နေတာကို တွေ့ကြရမှာဖြစ်ပါတယ် ..

ဒီနည်းစနစ်က Mozilla Firefox တစ်မျိုးတည်းအတွက်ပဲဆိုတာကိုတော့ အသိပေးပါရစေ

ကဲ .. Mozilla Firefox ကိုဖွင့်လိုက်ပါ (အင်တာနက်လိုင်း မရှိလည်း ပြင်ဆင်လို့ရပါတယ်) ပြီးတော့ အပေါ်က Address Bar မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ (မှားမှာစိုရင် Copy ကူးသွားပြီး Paste လုပ်လိုက်ပါ ) Enter နှိပ်လိုက်တဲ့အခါ .. ပညာရှင်အဆင့် ချိန်ညှိမှုတွေ လုပ်မယ့် Page ကိုသွားမှာဖြစ်တာကြောင့် .. အောက်မှာပြထားတဲ့ပုံအတိုင်း သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။

I'll be careful. I promise! ဆိုတဲ့ Buttom လေးကို နှိပ်ပေးလိုက်ပါ အဲဒီအခါ စာတမ်းတွေအများကြီးပါတဲ့ Page တစ်ခု ပွင့်ကျလာပါမယ် .. အဲဒီစာတမ်းတွေအများကြီးထဲကမှ ဘယ်ဖက်အခြမ်းထဲက စာတွေထဲမှာ
network.http.pipelining ဆိုတဲ့စာလုံးတွေရှိတဲ့နေရာကို တဖြည်းဖြည်းဆင်းသွားပါ။ အောက်မှာ နမူနာပုံပြထားပါတယ် ..

တွ့ပြီဆိုရင်သူ့ရဲ့ Value Field မှာ False ဖြစ်နေတာကို တွေ့ရပါလိမ့်မယ် .. အဲဒီနေရာလေးကို Double Click နှိပ်ပေးလိုက်ပါ .. အဲဒီအခါ True ဆိုပြီး အလိုလိုပြောင်းသွားပါလိမ့်မယ် .. ( True ဖြစ်နေပြီးသားဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်ပါ)

နောက်ထပ် network.http.pipelining.maxrequests ကိုရှာပါ။ သူ့ကို Double Click နှိပ်လိုက်ရင် Box တစ်ခုတက်လာပါမယ် .. အဲဒီထဲက တန်ဘိုးကို 8 လို့ပြောင်းပြီး OK နှိပ်လိုက်ပါ ..

network.http.proxy.pipelining ကိုထပ်ရှာပါ ..။ သူ့ကို Double Click နှိပ်လိုက်ရင် သူ့တန်ဘိုးက အလိုလို True ဆိုပြီးပြောင်းသွားပါလိမ့်မယ် ..

network.dns.disableIPv6 ကိုရှာပြီး Double Click နှိပ်ပြီး True ပြောင်းပေးပါ ..

ပြီးရင် အဲဒီ Page ရဲ့ ညာဘက်က လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက New ကိုရွေးပြီး Boolen ကိုတဆင့် ရွေးပေးပါ။ လွတ်တဲ့နေရာမှာ Right Click နှိပ်ခိုင်းပေမယ့် တစ်ခုခုမှာ ကလစ်မိပြီး အပြာရောင်လေးနဲ့ Select လုပ်သလိုဖြစ်သွားတာက ဘာမှ အရေးမကြီးပါဘူး .. အောက်မှာ ပုံနဲ့ ပြထားပါတယ် ..

ပေါ်လာတဲ့ New boolean box ထဲမှာ content.interrupt.parsing လို့ရိုက်ထည့်ပါ။

OK ကိုနှိပ်ပေးလိုက်ရင် နောက်ထပ် True နဲ့ False ပါတဲ့ Box တစ်ခုပြောင်းသွားပါမယ် .. အဲဒီထဲက True ကိုရွေးပြီး OK ကိုနှိပ်လိုက်ပါ

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက New ကိုရွေး အဲဒီထဲကမှ Integer ကိုရွေးပါ။ ပေါ်လာတဲ့ New Integer menu ထဲမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက ကိန်းဂဏန်းတွေကို 2250000 လို့ပြောင်းပေးပြီး OK နှိပ်လိုက်ပါ ..

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Integer ကိုထပ်ရွေးပါ .. ပေါ်လာတဲ့ New Integer menu ထဲမှာ content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးနေရာမှာ 750000 လို့ပြောင်းပေးပြီး OK နှိပ်ပါ ..

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Boolen ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ကိုနှိပ်ပေးပြီး ပွင့်လာတဲ့ထဲမှာ True ကိုရွေးပေးပြီး OK နှိပ်ပါ ..

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးကို 5 လို့ထားပေးပါ။ OK နှိပ်ပါ

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menuအတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။OK ပေးပြီး ပွင့်လာတဲ့ထဲကတန်ဘိုးကို 750000 လို့ထားပေးလိုက်ပါ။ OK နှိပ်ပါ ..

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးမှာ 0 ထားလိုက်ပါ။ OK နှိပ်လိုက်ပါ ..
အားလုံးပြီးသွားရင်တော့ Mozilla Firefox ကိုပိတ်လိုက်ပြီး ပြန်ဖွင့်သုံးကြည့်လိုက်ပါ ..
သူငယ်ချင်းတို့ရဲ့ Mozilla Firefox ဟာ ဟူးဟူးထ အောင် မြန်ဆန်သွက်လက်နေတာကို သူငယ်ချင်းတို့ကိုယ်တိုင် တအံ့တသြ တွေ့ကြရပါလိမ့်မယ် ... အဆင်ပြေနိုင်ကြပါစေဗျာ

Window 7 ဆိုတာ

Window 7 ဆိုတာ Microsoft က ထုတ်လုပ်လိုက်ပီး သမိုင်းမှာ တော့ Fastest Selling OS လို့ နာမည် ပိုင်ဆိုင်ထားတဲ့ New Operating System ပါနော်။အဲဒီ Window 7 ကို ပိုမို မြန်ဆန်အောင် လုပ်ချင်တယ်ဆိုရင်တော့ အောက်က အချက်ကလေးတွေကို စမ်းကြည့်ရအောင်ပါ။
This guide covers the following steps, to speed up Windows 7:
Step 1: Cleaning your system of possible malicious programs.
အဆင့်(၁) ဖြစ်နိုင်ခြေ ရှိတဲ့ များစွာသော Program တွေနဲ့ System ကို Clean ပါ။
Step 2: Making sure the “high performance” plan is set.
အဆင့် (၂) high performance” plan ကို Set ထားလားဆိုတာ စစ်ဆေးပေးပါ။
Step 3: Get rid of unnecessary programs and files
အဆင့် (၃) မလိုအပ်တဲ့ Programs တွေ File တွေကို ဖျက်ပေးပါ။ထုတ်ပစ်လိုက်ပါ။
Step 4: Disable/delete unnecessary start up entries
အဆင့် (၄) မလိုအားတဲ့ start up Program တွေကို Disable/delete လုပ်ပေးပါ။
Step 5: Configure the performance setting
အဆင့် (၅) performance setting ကို Configure ပေးပါ။
Step 6: Perform a disk cleanup every once in a while
အဆင့်(၆) မကြာခဏ ဆိုသလို disk cleanup လုပ်ပေးပါ။
Step 7: Turning off unneeded features and components.
အဆင့်(၇) အသုံးမလိုတဲ့ Feature တွေ Components တွေကို Turn Off လုပ်ပါ။
Step 8: Making use of excellent third-party cleanup software
အဆင့်(၈) cleanup software ကိုသုံးပါ။
Step 9: Disabling services that you don’t need running.
အဆင့်(၉) Run နေဖို့ မလိုအပ်တဲ့ Service တွေကို Disable လုပ်ပါ။
Step 10: Cleaning and defragmenting the registry.
အဆင့်(၁၀) Registry ကို Defragment လုပ်ပီး Clean ပါ။
Step 11: Perform disk defragmentation when necessary.
အဆင့်(၁၁) လိုအပ်ရင် Disk Defragementation ကို ဆောင်ရွက်ပါ။
Step 12: Using the ReadyBoost feature if you own a flash drive.
အဆင့်(၁၂) Flash Drive ရှိမယ်ဆိုရင် Ready Boost Feature ကိုသုံးပါ။
This Video was uploaded from You Tube.I just translated this article as the author, Mayur told.
မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Gmail Hack လိုချင်သော သူငယ်ချင်းများ အတွက်

Gmail Hack လိုချင်သော သူငယ်ချင်းများ အတွက်
Gmail Hack လေးဖြစ်ပါတယ်။ မေးဟက်ရတာ ဝါသနာ ပါသော သူတစ်ပါး အကောင့်တွေ စမ်စုတာ ဝါသနာပါသော သူငယ်ချင်းများ အတွက် ရည်ရွှယ်၍ တင်ပေးလိုက်ပါတယ်။ သုံးရတာ အရမ်းလန်းပါတယ်။ ဒီ ဆော့ဝဲလ် လေး အတွက် ကျေးဇူးတင်စရာမလိုပါဘူး ... လိုချင်ဆိုရင် အောက်မှာ ဒေါင်းလိုက်ပါ။
http://www.mediafire.com/?gnh9gq1dpkjcu8c%20